Official Statement (16.1.2024)

ရက်စွဲ: ၁၆.၁.၂၀၂၄

Mottama Holdings Limited အနေဖြင့် စတင်ထူထောင်သည့်အချိန်မှစ၍ ယခုအချိန်ထိ ဆောက်လုပ်ရေး လုပ်ငန်း၊ မီးခံသေတ္တာနှင့်ရုံးသုံးပရိဘောဂများထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်း၊ သံ၊ သံမဏိဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံလုပ်ငန်း၊ Logistics သယ်ယူပို့ဆောင်ရေးလုပ် ငန်း၊ ကွန်ကရိလုပ်ငန်းတို့ကိုသာလျှင် လုပ်ကိုင်လျက်ရှိပါသည်။ ယခုဖော်ပြသည့်လုပ်ငန်းများမှလွဲပြီး အခြား မည်သို့သောလုပ်ငန်းများကို မည်သည့်အခါမျှ လုပ်ကိုင်နေခြင်းမရှိပါ။

မကြာသေးခင်က ကုမ္ပဏီအသီးသီးရှိ၀န်ထမ်းအချို့နှင့် ၀န်ထမ်း၏အသိမိတ်ဆွေ၊ မိသားစုများထံသို့ နည်း ပညာအသုံးပြု၍ တယ်လီဖုန်း၊ Facebook၊ Viber စသည့် အွန်လိုင်းပလက်ဖောင်းများကတဆင့် Mottama Holdings Limited ၏ နာမည်ဖြင့် ယခင်ကုန်အမှတ်တံဆိပ် logo အဟောင်းကို အသုံးပြုကာ ဆက်သွယ် ပြောဆိုငွေကြေးလိမ်လည်ကောက်ခံနေသည်ကိုတွေ့ရပါသည်။ လိမ်လည်ပုံမှာ ၄င်းတို့ဆက်သွယ်သည့်အခါ ဆက်သွယ်ခံရသည့်သူ၏ Telegram Youtube အကောင့်အမည်၊ အသက်၊ K Pay နံပါတ် စသည့် ကိုယ်ရေး အချက်အလက်များတောင်းခံကာ ၄င်းတို့၏ Youtube နှင့် Telegram channel များရှိ ကြော်ငြာများအား Like & Subscribe လုပ်ထားရန်နှင့် တကြိမ်ပြု လုပ်ခြင်းဖြင့် ငွေ ၁ ထောင်ကျပ်၊ သုံးကြိမ်အတွက် ၃ ထောင် ကျပ်ကို K Pay ဖြင့် ပြန်လည်ပေးပို့သွား မည်ဟု ဆွဲဆောင်လျက်ရှိပါသည်။ ထို့အပြင် ၄င်းတို့ပြုလုပ်နေသည့် mission အသီးသီးတွင် ငွေထည့်၀င်ခြင်းဖြင့် အကျိုးအမြတ်များ ၃၀ % မှ ၃၅ % အထိ ရရှိမည်ဟုလည်း  မက် လုံးပေးကာ လူအများထံသို့ အမည်အမျိုးမျိုး အသုံးပြု၍ အွန်လိုင်းက တဆင့် ဆက်သွယ်ကာ စည်းရုံးဆောင် ရွက်လျက်ရှိကြောင်းတွေ့ရှိရပါသည်။

သို့ဖြစ်ရာ ထိုသို့လိမ်လည်စည်းရုံးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ လုပ်ငန်းများမှာ Mottama Holdings Limited နှင့် မည်သို့မျှသက်ဆိုင်ခြင်းမရှိပါ။ Mottama Holdings Limited တွင် လက်ရှိတာ၀န်ထမ်းဆောင် နေသည့် ၀န်ထမ်းများထဲတွင်လည်း ၄င်းနာမည်နှင့် ၀န်ထမ်းများလုံး၀မရှိ ပါ။ ထို့အပြင် Mottama Holdings Limited အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်န၀ါရီလကတည်းက ကုန်အမှတ်တံဆိပ် brand logo အသစ်ကို အသုံးပြု လျက်ရှိပြီး ယခင် logo အဟောင်းမှာ ဆက်လက်အသုံးမပြုတော့သည်မှာ ထိုအချိန်ကတည်းက ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ထိုလုပ်ငန်းများကနေ မိမိ သို့မဟုတ် မိမိတို့၏အသိမိတ်ဆွေများအား ဆက်သွယ်လာပါက သတိ ထားဆင်ခြင်ရှောင်ရှားရန် ကြိုတင်အသိပေးအပ်ပါသည်။

အုပ်ချုပ်ရေးဌာန
Mottama Holdings Limited

Leave a Reply

Your email address will not be published. Required fields are marked *